お問い合わせはこちら

ပင်မစာမျက်နှာ  >  အမှာစကား

ကုမ္ပဏီအချက်အလက်

အမှာစကား

ပြုစုစောင့်ရှောက်ခြင်းနှင့် ကုသခြင်း နှစ်မျိုးလုံးတွင် အသုံးဝင်မည့် အင်အားကို ပေးစွမ်းလျက်ရှိသည်။

လိုက်ဖ်ဒူး ဝက်ဘ်ဆိုက်မှ ကြိုဆိုပါသည်။

ကျွန်ုပ်တို့ကုမ္ပဏီသည် 1965 ခုနှစ် ( ရှောဝခတ် 40 ခုနှစ်) ဧပြီလ 1 ရက်နေ့တွင် ကုမ္ပဏီကို ထူထောင်ပြီး၊ စက္ကူဒိုင်ပါအဓိကထုတ်လုပ်သည့်ကုမ္ပဏီ (ယခင် တိုယိုအဲဇိုင်းကုမ္ပဏီလိမိတက်) အနေဖြင့် အဓိကစီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် စီမံခန့်ခွဲမှုပတ်ဝန်းကျင်အပြောင်းအလဲနှင့် ဒုတိယစီမံခန့်ခွဲမှုမဏ္ဍိုင်အနေဖြင့် လုပ်ဆောင်လာခဲ့သည့် တစ်ခါသုံးဆေးဘက်ဆိုင်ရာပစ္စည်းလုပ်ငန်းချဲ့ထွင်လာမှုကြောင့် 2002 ခုနှစ် (ဟဲဆဲ 14 ခုနှစ်) ဧပြီလ 1 ရက်နေ့တွင် ကုမ္ပဏီအမည်ကို လိုက်ဖ်ဒူး ကော်ပိုရေးရှင်း ဟု ပြောင်းလဲခေါ်ဆိုကာ ခြေလှမ်းသစ်စတင်ခဲ့ပါသည်။

ကုမ္ပဏီအမည်သစ် လိုက်ဖ် + ဒူး တွင် "ပိုမိုတက်ကြွစွာနေထိုင်ခြင်း"ဟူသော အဓိပ္ပာယ်ပါရှိသည်။

ကုမ္ပဏီအမည်ပြောင်းလဲခြင်းနှင့်အတူ "စီမံခန့်ခွဲမှုအရည်အသွေး" ကိုလည်းမြှင့်တင်ကာ စက္ကူဒိုင်ပါ လုပ်ငန်းတွင် "ရိဖရီး" ဟူသော အမှတ်တံဆိပ်၊ တစ်ခါသုံးဆေးဘက်ဆိုင်ရာပစ္စည်းလုပ်ငန်းတွင် "လိုက်ဖ်ဒူးမယ်ဒီကယ်" အမည်ဖြင့် "အသက်ရှင်နေထိုင်မည့် အင်အားကို ပေးစွမ်းမည့်" လုပ်ငန်းအနေဖြင့် ပိုမိုကောင်းမွန်သော လုပ်ငန်းကို လုပ်ဆောင်လျက်ရှိပါသည်။

ကျွန်ုပ်တို့သည် ပြုစုစောင့်ရှောက်မှု၊ ကုသရေးနယ်ပယ်နှင့် အနီးစပ်ဆုံး လုပ်ငန်းအနေဖြင့် ထိုနယ်ပယ်ရှိ အမျိုးမျိုးသောြပဿနာများဖြေရှင်းမှုတွင်လည်း အကျွမ်းတဝင်ရှိလာခဲ့သည်။ နောက်ပိုင်းတွင်လည်း လိုက်ဖ်ဒူးကော်ပိုရေးရှင်းသည် ကောင်းမွန်သောစိတ်ကူးများ၊ လျင်မြန်သော လုပ်ဆောင်ချက်များဖြင့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုမှတစ်ဆင့် ပြဿနာများကို ဆက်လက်ဖြေရှင်းသွားမည်ဖြစ်သည်။

ဥက္ကဌ

ခုဆုမိ တခအို

COPYRIGHT © LiveDo CORPORATION. ALL RIGHTS RESERVED.